လက်ပံတန်း နိုဝင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် အောက်တိုဘာ ၁၆ရက်နေ့က လေဘေးသင့်အမိုးလန် အိမ်ထောင်စုနှင့် နိုဝင်ဘာ ၂ရက်နေ့က မြစ်မခမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့ နေအိမ်(၂)လုံး၊ မျောပါနေအိမ်(၂) လုံးတို့အတွက် ယနေ့နေ့လယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ် ရေငန်ကျေးရွာတွင် လေဘေးသင့်နေအိမ် အမိုးလန် အိမ်ထောင်စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး ၅၀၀၀၀ကျပ်နှင့် အဆိုပါ အိမ်ထောင်စုရှိ လူဦးရေ(၅)ဦး အတွက် ဆန်ရိက္ခာဖိုး ၁၀၅၀၀ စုစုပေါင်း ၆၀၅၀၀ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြစ်မခမြစ်ရေတိုက်စားမှုကြောင့် ဂုံညင်းတန်းကျေးရွာအုပ်စု ငှက်ပျောတော ကျေးရွာမှ နေအိမ်မျှောပါ အိမ်ထောင်စု(၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၂၀၀၀၀၀ကျပ်၊ အိမ်ထောင်စုများရှိ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုး ၁၆၈၀၀ကျပ်၊ စုစုပေါင်း ၂၁၆၈၀၀ကျပ်နှင့် ထောက်ပံ့ရေးပစ္စည်း ၁၆မျိုး၊ မြင်ကဝကျေးရွာအုပ်စု သလပ်ဖက်ကုန်း ကျေးရွာတွင် ကြိုတင်ပြောင်းရွှေ့ နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၂၀၀၀၀၀ ကျပ်နှင့် ၊ အိမ်ထောင်စုများရှိ လူဦးရေ (၁၃)ဦး အတွက် ဆန်ရိက္ခာဖိုး ၂၇၃၀၀ကျပ်၊ စုစုပေါင်း ၂၂၇၃၀၀ ကျပ်နှင့် ထောက်ပံ့ရေးပစ္စည်း (၁၁)ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမင်းသူမောင်က အိမ်ထောင်စုများ ကိုယ်စား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး