နမ့်ဆန်၌ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

နမ့်ဆန် နိုဝင်ဘာ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများတို့နှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ()နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျင်စိန်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ()ရက်နေ့တွင် ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်စေဖို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများစိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး အတွက် မဲရုံများအားလုံးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားရှိကြောင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲနေ့တွင် တရားနည်းလမ်းကျစွာ ယှဉ်ပြိုင်ကြရန်နှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း ပြောဆိုဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုင်းဝင်းထွဋ်အောင်က ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှုများ၊ ကြိုတင်မဲကောက်ယူနိုင်မှု အခြေအနေများနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောဆိုပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များတို့က အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)