မိုင်းရယ် နိုဝင်ဘာ ၆
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် ဆန္ဒမဲပေးရာတွင် အသုံးပြုရန် အတွက် ကျန်းမာရေးသုံးပစ္စည်းများကို ယမန်နေ့ နံနက်(၁၀)နာရီက အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၌ စတင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး အဖွဲ့ဝင်များမှ အဆိုပါ ကျန်းမာရေးသုံး ပစ္စည်းများဖြစ်သည့် KN95 Mask(40094)၊ Exam Glove(2654)၊ Face Shield(157)၊ Surgical Gowns(225)၊ Surgical Caps(225)များကို မဲရုံ(၄၅)ရုံရှိ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် ပြည်သူများအတွက် ရပ်ကွက်/ ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ် ပြန်/ဆက်