ဝါးခယ်မ နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ရက် ယနေ့တွင် နိုင်ငံတစ်ဝန်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပလျက်ရှိရာ ဝါးခယ်မမြို့နယ်အတွင်းရှိ မဲရုံများကို နံနက် ၆ နာရီက စကာ ဖွင့်လှစ်၍ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနေပြီ ဖြစ်သည်။
မဲဆန္ဒရှင် ပြည်သူများ စနစ်တကျ ဆန္ဒမဲ ပေးနိုင်အေတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ ရပ်ကွက်၊ ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများ၌ တာဝန်ကျသော မဲရုံမှူး၊ ဒုမဲရုံမှူး အပါအဝင် တာဝန်ရှိသူများကမဲရုံ ၃၃၃ ရုံတွင် နံနက် ၆ နာရီမှ စကာ ညနေ ၄ နာရီအထိ ဆန္ဒမဲပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
လွှမ်းသီဟ(ပြန်/ဆက်)