တောင်ကြီး နိုဝင်ဘာ ၈
၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ (၈)ရက် နံနက်(၆)နာရီ မဲရုံ စတင် ဖွင့်လှစ်သည့်အချိန်တွင်ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း ကျောင်း အသီးသီး၌ ဖွင့်လှစ်ထားသောမဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက ရပ်ကွက်အလိုက်ဆန္ဒမဲလာ ရောက်မဲပေးကြကြောင်း သိရသည်။ တောင်ကြီးမြို့သစ်တောရပ်ကွက်နေ မဲဆန ္ဒရှင်ပြည်သူများကလည်း အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မဲရုံ အမှတ်(၁၊၂၊၃)တို့တွင် လာရောက်မဲပေးကြသည်။
မဲဆန္ဒရှင်ပြည်သူများကလည်းဆန္ဒမဲပေးရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် Covid-19ရောဂါကာကွယ်ထိန်းချုပ််ရေး လမ်းညွှန်ချက်၊စည်းကမ်းချက် များနှင့်အညီ လိုက်နာမဲပေးနေကြပြီး မဲရုံ၀န်ထမ်းများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၀င်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့်သူများကလည်း စနစ်တကျဖြစ်အောင်ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်အတွင်း တောင်ကြီး၊ အေးသာယာ၊ ရွေညောင်၊ ကျောက်တလုံး ကြီးတို့ပါဝင်ပြီး ရပ်ကွက်(၅၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၄)အုပ်စု၊ မဲပေးပိုင်ခွင့်ရှိသူဦးရေ (၃၂၄၉၁၃)ဉီး၊ မဲရုံစုစု ပေါင်းမှာမဲဆန္ဒနယ်(၁)တွင်၁၃၂ရုံ၊ မဲဆန္ဒနယ်(၂)တွင်၁၁၃ရုံ စုစုပေါင်း (၂၄၅)ရုံရှိပြီး ပါတီစုစုပေါင်း(၁၅)ပါတီ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၁၀)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် လောင်း(၉)ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လောင်းမဲဆန္ဒနယ်အမှတ်(၁)တွင်(၁၃ )ဉီး၊ မဲဆန္ဒနယ် အမှတ်(၂)တွင်(၈)ဉီး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၆)ဉီး၊တိုင်းရင်းသားလွှတ်တော်ကိုယ် စားလှယ်လောင်းများ တွင် ဗမာ(၇)ဉီး ကချင်(၄)ဉီး၊လီဆူ(၆)ဉီး၊လားဟူ(၅) ဉီး၊အင်းသား(၆)ဉီး၊အာခါ(၃)ဉီး၊ ကယန်း(၅)ဉီး၊ လွှတ်တော်ကိုယ်စား လှယ်လောင်းစုစုပေါင်း(၇၆) ဉီးရှိကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)