အင်္ဂပူမြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် ပြည်သူများ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲများပေး

အင်္ဂပူ  နိုင်ဝင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပသည့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြုလုပ်လျက်ရှိရာ အင်္ဂပူမြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် ယနေ့နံနက် ၆ နာရီမှစတင်၍ ပြည်သူများ ဆန္ဒမဲလာရောက် ပေးလျက်ရှိ‌ကြောင်း သိရသည်။

မဲရုံအသီးသီးသို့ လာရောက်ဆန္ဒမဲ ပေးလျက်ရှိသည့် မဲဆန္ဒရှင်ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် တားဆီးရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဆန္ဒမဲပေးနိုင်ရန် မဲရုံတာဝန်ရှိသူများက အပူချိန်တိုင်းခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်သန့်စင်စေခြင်း၊ နှာခေါင်းစည်းများ ဝေငှခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ ကွာခြား၍ နေရာချပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများကလည်း လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

အင်္ဂပူမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူပေါင်း (၁၆၄၂၁၉)ဦးရှိပြီး မဲရုံပေါင်း(၁၆၉)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)