ဆင်ပေါင်ဝဲ နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာလ(၈)ရက်နေ့ ယနေ့နံနက်ပိုင်း မဲရုံစတင်ဖွင့်လှစ်သည့် နံနက် ၆ နာရီမှစတင်ကာ မဲဆန္ဒရှင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲ ပေးလျက်ရှိသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကျေးရွာအုပ်စု(၄၉)အုပ်စုရှိပြီး မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာ(၁၃၈)ရွာ ရှိပြီး မဲရုံပေါင်း(၁၃၀) ရုံရှိကာ မဲဆန္ဒရှင်ပြည်သူပေါင်း (၉၅၉၄၈)ဦးရှိကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆင်ပေါင်ဝဲမြို့နယ်တွင် ပါတီ(၄)ခုမှ လွှတ်တော် ကိုယ်စားလှယ်လောင်း(၁၄)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး မဲဆန္ဒရှင်ပြည်သူများက ဆန္ဒမဲ ပေးလျက်ရှိပြီး မဲရုံများတွင်လည်း မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
အိဖြူဖြူမောင်(ပြန်/ဆက်)