ဥတ္တရသီရိမြို့နယ်တွင် ပြည်သူများ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ စနစ်တကျဆန္ဒမဲပေး

ဥတ္တရသီရိ      နိုဝင်ဘာ ၈

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈)အုပ်စုမှ မဲရုံ(၄၉)ရုံတွင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် ယနေ့နံနက် ၆ နာရီက စတင်ဖွင့်လှစ်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ မဲရုံ (၄၉) ရုံ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည် မဲဆန္ဒရှင်ပြည်သူ (၅၆၀၀၀)ကျော်ရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ကာကွယ် နိုင်ရေးလမ်းညွှန်ချက် များနှင့် ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)