သာပေါင်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆန္ဒမဲပေး

သာပေါင်းမြို့၊ အမှတ်(၃)ရပ်ကွက်၊မဲရုံ အမှတ်(၂)တွင် ယနေ့နံနက် ၆ နာရီအချိန် မဲရုံလုံခြုံရေး ဦးဆန်းဝင်းက မဲရုံဖွင့်လှစ်ကြောင်း ‌ကြေညာပေးပြီး မဲဆန္ဒရှင်ပြည်သူများက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီစနစ်တကျ ဆန္ဒမဲများ ပေး‌ကြသည်။

ငရုတ်ကောင်းမြို့ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲများ လာရောက်ပေး

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၁)ခုရှိပြီး မဲရုံပေါင်း(၃၇)ရုံတွင် ယနေ့နံနက်ပိုင်းက စတင်၍ ဆန္ဒမဲပေးလျက်ရှိသည်။

ရွှေတောင်မြို့နယ်ရှိ မဲရုံ (၁၁၇)ရုံ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာမဲပေး

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကျင်းပသည့် ယနေ့ နိုဝင်ဘာ ၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု (၅၁)အုပ်စုရှိ မဲရုံပေါင်း (၁၁၇)ရုံကို နံနက် ၆ နာရီတိတိအချိန်က တစ်ပြိုင်နက်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ မဲလာပေးလျက်ရှိ ကြောင်း သိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေး

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများက ယနေ့နံနက် (၆)နာရီတွင် ရပ်ကွက်၊ ကျေးရွာအသီးသီးရှိ သတ်မှတ်မဲရုံများတွင် ပြည်သူများ ဆန္ဒမဲပေးလျှက်ရှိကြောင်း သိရသည်။

စုကလိမြို့တွင် ပြည်သူများ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် နံနက် ၆ နာရီမှစတင်၍ ပြည်သူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ချီဖွေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြည်သူများ ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ဆန္ဒမဲပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ယနေ့နံနက် (၆)နာရီမှစတင်၍ ဖွင့်လှစ် ကြောင်းကြေညာပြီး မဲရုံအမှတ် (၁) ၊ (၂) ၊ (၃)၊ (၁၄) ၊(၁၅) မဲရုံအသီးသီး၌ဆန္ဒမဲ ပေးခွင့်ရှိသူများ အေးချမ်းစွာလာရောက်၍ ဆန္ဒမဲပေးကြကြောင်း သိရသည်။

လယ်ဝေးမြို့နယ်တွင် ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပသည့် ၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မြို့နယ်အတွင်းရှိ မဲရုံများ၌ နံနက်(၆)နာရီမှစတင်၍ ပြည်သူများလာရောက်၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပြည်သူများ ဆန္ဒမဲပေး

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီမှစ၍ ဆန္ဒမဲများကို ပြည်သူများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အေးချမ်းစွာ ဆန္ဒမဲများပေးလျက်ရှိသည်။

ရွာငံမြို့နယ်အတွင်းရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှစ၍ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။

မံစီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေး

ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် နိုဝင်ဘာလ ၈ ရက်နေ့၌ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် ယနေ့နံနက် ၆ နာရီမှစတင်၍ ပြည်သူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိ‌ကြောင်း သိရသည်။
Subscribe to