ညောင်တုန်း နိုဝင်ဘာ ၈
၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ညောင်တုန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများမှ လာရောက်မဲပေးနိုင်ရန်အတွက် ယနေ့ နံနက် ၆ နာရီက မြို့နယ်အတွင်းရှိ မဲရုံများအား တစ်ချိန်တည်း ဖွင့်လှစ်ပေးခဲ့သည်။
ထိုသို့မဲရုံများ ဖွင့်လှစ်ပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများမှ ရပ်/ကျေးအုပ်စုများရှိ မဲရုံများသို့ လာရောက်၍ ဆန္ဒမဲများအား ပေးလျက် ရှိကြသည်။
ညောင်တုန်းမြိုနယ်အတွင်း၌ ရပ်ကွက်/ကျေးရွာ (၅၄) အုပ်စုတွင် မဲရုံပေါင်း ၂၄၄ ရုံထားရှိပြီး မဲဆန္ဒရှင်ဦးရေမှာ ၁၇၀၁၆၈ ဦးရှိရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ မဲရုံများတွင် နံနက် ၆ နာရီမှ ညနေ ၄ နာရီထိ မဲများလာရောက် ပေးနိုင်ကြောင်း မြိုနယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ဝဠာနိုင် (ညောင်တုန်း)