ကလိန်အောင်၊ နိုဝင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ (Facility Quarantine Centre)၌ ပြည်ပပြန်များနှင့် နေရပ်ပြန်များ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် Quarantine ဝင်ရောင်နေသူ (၈) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေး နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာများရယူမှုကို ယနေ့နံနက် (၉) နာရီခန့်က မြို့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံကျန်းမာရေး ဆရာမ ဒေါ်စုသက်မွန်ဦးဆောင်သော တာဝန်ရှိသူများက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ပပြန်နှင့်နေရပ်ပြန် (၈) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် နှာခေါင်းတို့ဖတ်များကိုရယူခဲ့ကာ ၎င်းနှာခေါင်းတို့ဖတ်တို့ကို မြို့ကျန်းမာရေးဦးစီးဌာနမှ အဆင့်ဆင့်သို့ ပို့ဆောင်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိုးခိုင် (ကလိန်အောင်၊ ပြန်/ဆက်)