မိုင်းကိုင် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ စုံလောကျေးရွာအုပ်စု၊ နမ့်မော်ပျဉ်ကျေးရွာ ဒေါ်မေယု နေအိမ်၌ အောက်တိုဘာလကုန်ရက်က ဘုရားမီးပူဇော်ထားပြီး အိပ်ပျော်သွားရာ မီးလောင်သဖြင့် ၎င်း၏အိမ် အပါအဝင် ကျေးရွာအတွင်း နေအိမ် ၃ လုံး မီးကူးစက်လောင်ကျွမ်းခဲ့မှုအပေါ် ယမန်နေ့ နေ့လယ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးခဲ့သည်။
အဆိုပါထောက်ပံ့မှုများကို လွိုင်လင်ခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့် အိမ်ထောင်စု(၃)စု၊ လူဦးရေ (၁၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ တစ်ပတ်စာ ဆန်ရိက္ခာစရိတ်၊ အိမ်ဆောက်ပစ္စည်းများ စသည်ဖြင့် ထောက်ပံ့တန်ဖိုး စုစုပေါင်း ငွေကျပ် ၃၂၉၄၀ဝိ/- ကို ထောက်ပံ့ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်နှင့် တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများ လက်ဝယ်သို့ ပြန်လည် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)