ပုံပါကျင် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့တွင် လတ်တလောဖြစ်ပွားနေသော ဆုံဆို့နာရောဂါ ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပုံပါကျင်ကျေးလက်ကျန်းမာရေးဌာတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သောကြောင့် ကလေးတစ်ဦးနှင့် အုပ်ထိန်းသူ တစ်ဦးသာလာရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်လာရောက် ရန်၊သတ်မှတ်ထားသည့် နေ့ရက်အလိုက် ရပ်ကွက်အပိုင်းအခြားအတိုင်း လာရောက်ကြရန် ပုံပါကျင် ကျေးလက်ကျန်းမာရေးဌာနမှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
စန္ဒီ(ပြန်/ဆက်)