ကလေး နိုဝင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခုတင်(၃၀၀)ဆံ့ဆေးရုံကြီး(တိုင်းရင်းဆေးရုံ)တွင် ဆေးကုသမှု ခံယူ နေသည့် အသက်(၇၆)နှစ်အရွယ်အမျိုးသားအပါအဝင် အတည်ပြုလူ (၅)ဦးတို့ဟာ ဆေးရုံဆင်း သတ်မှတ် ချက်များအရ ကျန်းမာရေးကောင်းမွန်သောကြောင့် ယနေ့နံနက် ၁၀နာရီအချိန်ခန့်က ဆေးရုံ မှဆင်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အသက်(၇၆)နှစ်အရွယ်အမျိုးသားမှာ ကလေးမြို့အောင်သစ္စာရပ်ကွက်နယ်မြေ(၃)မှဖြစ်ပြီး ကျန်(၄) ဦးတို့မှာလည်း အောင်သစ္စာရပ်ကွက် နယ်မြေ(၃)နေ အမျိုးသမီး (၁)ဦးနှင့် အသက်(၁၀)နှစ် အရွယ်အမျိုးသား၊ (၈)နှစ်အရွယ်အမျိုးသားနှင့်အသက်(၂)နှစ်(၆)လအရွယ် အမျိုးသားတို့ဖြစ်ကြပြီး ကလေးမြို့ခုတင်(၃၀၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းနှင့်တာဝန်ရှိသူများက ဆေးရုံဆင်း လက်မှတ်များကိုပေးအပ်ခဲ့ကြပြီး ဆေးရုံဆင်းပြီးနောက် လိုက်နာရမည့်အချက်များကို တိကျ လိုက်နာ စေရန် မှာကြားခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ စုစုပေါင်း (၁၀၈)ဦးရှိရာ (၆၅)ဦးမှာဆေးရုံဆင်းခွင့်ရရှိကြပြီး ကျန်ရှိနေသည့်အတည်ပြုလူနာ (၄၃)ဦး တို့ကို ကလေးမြို့တိုင်းရင်းဆေးရုံ အထူးကြပ်မတ်ဆောင်တွင်ဆေးကုသမှုခံ ယူစေလျက်ရှိကြောင်း သိရ သည်။
ထန်းဖုန်(ပြန်/ဆက်)