မြောက်ဥက္ကလာပ နိုဝင်ဘာ ၁၀
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အဓိကလိုအပ်လျက်ရှိသည့် PPE ဝတ်စုံများကို ယမန်နေ့ နံနက်(၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဇ) ရပ်ကွက်၊ စေတနာရှင်အသင်းသို့ အလှူရှင်များ ပူးပေါင်း၍ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ကိုခန့်ကိုကိုနိုင်နှင့် မိတ်ဆွေများ စုပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းသုံး PPE ဝတ်စုံ(၆၀)စုံကို အ.မ.က(၁၂) Quarantine Centre မှ Volunteer များ အသုံးပြုနိုင်ရန် (ဇ)ရပ်ကွက်စေတနာရှင် အသင်းသို့ လှူဒါန်းခဲ့ရာ စေတနာရှင် အသင်းဥက္ကဋ္ဌ ဦးစိုးတင့်ကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသင်းအနေဖြင့် မြိုနယ်အတွင်း ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယ လူနာများအား စဉ်ဆက်မပြတ်ခေါ်ဆောင်ပေးလျက်ရှိခြင်းကြောင့် လိုအပ်သည့် PPE ဝတ်စုံများကို လှူဒါန်ပေးခြင်းဖြစ်ကြောင်း အလှူရှင်၏ပြောကြားချက်အရ သိရသည်။
မြမြဝင်း (ပြန်/ဆက်)
၀၉၄၂၂၂၂၆၆၂၀