စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ပျဉ်းခုံကြီးစိုက်ပျိုးရေးစင်တာနယ်မြေအတွင်းရှိ စပါးခင်းများ အား ပိုးမွှားကျရောက်မှု ရှိ/မရှိကွင်းဆင်းစစ်ဆေး

ကလေး နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့နယ် ပျဉ်းခုံကြီးစိုက်ပျိုးရေးစင်တာနယ်မြေအတွင်းရှိ စပါးစိုက်ခင်း များအတွင်း ပိုးမွှားကျရောက်မှုရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စိုက်ပျိုးရေး စင်တာမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင်ကွင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပျဉ်းခုံကြီးစိုက်ပျိုးရေးစင်တာနယ်မြေအတွင်းရှိ အောင်မြင် သာကျေးရွာ၊ နန်းချောင်းကျေးရွာ၊ ယောက်ချိုကျေးရွာ၊ ကံသာကျေးရွာ၊ ဟံသာကျေးရွာအတွင်း စပါးစိုက်ခင်းများအတွင်း နှံစုပ်ပိုးကျရောက်မှုရှိ/မရှိစစ်ဆေးကာ   တက်ရောက်လာကြသည့် တောင်သူ များအား ပိုးမွှားနှိမ်နင်းနည်းပညာများဆွေးနွေးပေးခြင်း၊ အခက်အခဲတစ်စုံတစ်ရာများရှိပါက အချိန်မီ ဆက်သွယ်အကြောင်းကြားနိုင်ရန်အတွက် လိပ်စာကတ်များဖြန့်ဝေခဲ့ကြသည်။

ထန်းဖုန်(ပြန်/ဆက်)