ဝန်းသို နိုဝင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် CERP အစီအစဉ်ဖြင့် စီးပွားဖြစ်မိုးစပါး မျိုးသန့် မျိုးစေ့ထုတ်ကွက်စိုက်ပျိုးထားသော ဝင်းကြီးအုပ်စု၊ ကွင်းအမှတ် (၁၂၆၅)၊ ဦးပိုင်အမှတ်(၃၆)၊ တောင်သူ ဦးညိုဝင်း၏ ဆင်းဧကရီ-၃ စိုက်ခင်း(၈)ဧက၌ ၀.၁၀(၆၆'×၆၆')စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ က ကျင်းပပြုလုပ်ခဲ့ရာ တစ်ဧကအစိုထွက်နှုန်း ၁၁၀ တင်းထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါစံကွက်ရိတ်သိမ်းပွဲကို တောင်သူဦးကြီးများ မိုးစပါးသီးနှံ ကိုယ်စားပြုစံအထွက်နှုန်းအား သိရှိ နိုင်ရန်၊ သီးနှံစိုက်စနစ်အလိုက် အထွက်နှုန်းအားသိရှိနိုင်ရန်နှင့် မိုးစပါးသီနှံအထွက်တိုးရေး အထွက်နှုန်း မိတ်ဖက်များ၏အရေးပါမှုကို တောင်သူများ သိရှိနားလည်စေရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး စံကွက်ရိတ် သိမ်းပွဲသို့ ကောလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများ၊ ဝန်းသိုမြို့ နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သက် ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်တောင်သူများ တက်ရောက်ခဲ့ကြကာ တာဝန်ရှိသူများက စပါးရိတ် သိမ်းပြီး လယ်သီးထပ်အဖြစ် ဆောင်းရာသီ နေကြာသီးနှံများကို ဆက်လက်စိုက်ပျိုးနိုင်ရေးအတွက် အသိ ပညာပေး စည်းရုံးပြောကြားခဲ့သည်။
ထို့နောက် ဂျိုးတောင်အုပ်စု ကွင်းအမှတ် (၁၂၄၁)၊ ဦးပိုင်အမှတ်(၆၃)၊ တောင်သူဦးမောင်မောင်ဝင်း ၏ မှော်ဘီ (၂)မျိုးစေ့ထုတ်စိုက်ခင်း(၁၀)ဧကတွင် မိုးစပါးညံ့အကွက် တစ်ဧကအား စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း(၇၄)တင်းထွက်ရှိခဲ့ကြောင်း ဝန်းသိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် မိုးစပါးစိုက်ဧက ၃၈၉၈၉ ဧကစိုက်ပျိုးထားရှိပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERPအစီအစဉ်ဖြင့် စီးပွားဖြစ်မိုးစပါး မျိုးသန့် မျိုးစေ့ထုတ်ကွက် ၂၅၀ ဧကစိုက်ပျိုးထားသည့် တောင်သူများအတွက် မျိုးစေ့ဖိုး၊ အပင်ပြုစုလုပ်အားခ၊ မျိုးကွဲ နုတ်ပယ်ခနှင့် မျိုးစေ့သန့်စင်ခအနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စုစုပေါင်းငွေကျပ်သိန်း ၃၇၁၆၅၀၀၀ ကို ထောက်ပံ့ထားရှိကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)