မိုးမိတ် နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီ၏ဦးဆောင်မှုဖြင့် နှာခေါင်းစည်း(Mask) မတပ်သူများအား ဒဏ်ကြေးငွေပေးဆောင်သည့် အစီအစဉ် ဆောင်ရွက်ခြင်းကြောင့် နှာခေါင်းစည်းတင်ဆင်သူများ ပိုမိုများပြားလာကြောင်း သိရသည်။
“ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေး၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သည့်အလေ့အကျင့်ဖြစ်စေရေးအတွက် ယခုဝယ် ယခုတပ် အစီအစဉ်ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် မြို့တွင်း လှည့်လည်နှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိသူများအား ဒဏ်ကြေး ငွေပေးဆောင်စေသည့် အစီအစဉ်များကို အောက်တိုဘာ ၁၉ ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ် ယနေ့ နံနက်ပိုင်းတွင် မြို့နယ်စည်ပင်သာယာအဝိုင်းထိပ် စည်ပင်သာယာလမ်းဆုံ တွင်နှာခေါင်းစည်း(Mask) မတပ်ဘဲ သွားလာသူများအား ဒဏ်ကြေးငွေ (၂၀၀) ကျပ် ပေးဆောင်စေခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ယခင်ကထက် နှာခေါင်းစည်း(Mask) တပ်ဆင်သူများ ပိုမို များပြားလာကြောင်း” မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးတင်ရှိန်က ပြောကြားခဲ့သည်။
မိုးမိတ်သား(စည်သူဌေး)