မိုးမိတ် နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် လက်ခုပ်ပင်ကျေးရွာအုပ်စုရှိ တောင်သူများအတွက် စိုက်ပျိုးစရိတ်များထုတ်ချေးပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မိုးမိတ်မြို့နယ်လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ထုတ်ချေးခြင်းများကို ကျေးရွာအုပ်စုအလိုက်ခွဲ၍ တစ်အုပ်စုခြင်းကို နေ့ရက်အလိုက် သတ်မှတ်၍ ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် နိုဝင်ဘာ(၁၀)ရက်နေ့တွင် လက်ခုပ်ပင် ကျေးရွာအုပ်စုရှိ တောင်သူ (၃၅)ဦးအတွက် ဆောင်းသီးနှံ စိုက်ပျိုးစရိတ် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ကျပ်(၁၇၈) သိန်းကို ထုတ်ချေးပေးခဲ့ပြီး မိုးမိတ်မြို့နယ်တွင် ဆောင်းသီးနှံအဖြစ် မြေပဲ၊ နှမ်း၊ ဆောင်းကုလားပဲများနှင့်ပဲမျိုးစုံကို အဓိကထား စိုက်ပျိုးကြသည်ဟု မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လက်ထောက် မန်နေဂျာ ဦးဇော်နိုင်ဦးက ပြောကြားခဲ့သည်။
မိုးမိတ်သား(စည်သူဌေး)