သံတောင်ကြီး နိုဝင်ဘာ ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က စတုတ္ထအကြိမ် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေး အပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက် ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါ်နော်ခရစ္စထွန်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောလှမြင့် တို့ကထောက်ပံ့ငွေများကိုမြို့အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ထံပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို အိမ်ထောင်စုတစ်စုလျှင်ကျပ်(၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စုပေါင်း ( ၁၆၃၂၇)စုအတွက် စုစုပေါင်းငွေကျပ် (၃၂၆၅၄၀၀၀၀) ဖြစ်ပြီး သံတောင်မြို့ ရှိ အိမ်ထောင်စု(၁၁၃၇)စု အတွက် ငွေကျပ် (၂၂၇၄၀၀၀၀) ၊ သံတောင်ကြီးမြို့ အိမ်ထောင်စု(၄၄၂၇)စု အတွက် ငွေကျပ်(၈၈၅၄၀၀၀၀)၊ လိပ်သိုမြို့အိမ်ထောင်စု (၈၇၃၄)စု အတွက်ငွေကျပ် (၁၇၄၆၈၀၀၀၀)နှင့် ဘောဂလိမြို့ အိမ်ထောင်စု (၂၀၂၉)စုအတွက် စုစုပေါင်းငွေကျပ် (၄၀၅၈၀၀၀၀)တို့ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိ ရသည်။
မြို့နယ်(ပြန်/ဆက်)