အမရပူရ၊ နိုဝင်ဘာ ၁၀
နိုင်ငံတော်မှ တက်နိုင်သမျှ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို အမရပူရမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မြင့်မှ အဖွင့်အမှာစကားပြောကြာပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများကို စနစ်တကျဖြင့် ရသင့်ရထိုက်သူများရရှိအောင် အတက်နိုင်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြား ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက အခြေခံအိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်ရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၍ သတ်မှတ်ချက်များနှင့် စည်းကမ်းတကျဖြင့် ဆောင်ရွက်စေပြီး ပြဿနာများကင်းရှင်းနိုင်အောင် ဆောင်ရွက်ရန်တို့ကို ပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖေသက်ထွန်းက စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ရာတွင် အုပ်ချုပ်ရေးမှူး များသာမက မြို့နယ်ဌာနဆိုင်ရာများကိုပါ တာဝန်ချပေးပြီး အိမ်ထောင်စုများ၏ အိမ်ထောင်ဦးစီးများကို တစ်ဦးလျှင် (၄၀၀၀၀)ကျပ် ထုတ်ပေးရမည်ဖြစ်ပြီး အမရပူမြို့နယ် ရပ်ကွက်၊ ကျေးရွာ၊ အုပ်စု (၅၁) အုပ်စု အတွင်းရှိ အခြေခံအိမ်ထောင်စုပေါင်း (၃၂၂၇၈) အိမ်ထောင်စုကို နိုင်ငံတော်မှသိန်း (၁,၂၉၁,၁၂၀,၀၀၀) ကျပ်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်နော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့မှ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့သည်။ အဆိုပါ ထောက်ပံ့ ပေးအပ်ရာတွင် မြို့နယ်တာဝန်ကျ ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရာအိမ်မှူး များနှင့်ပူးပေါင်း၍ ယနေ့မှစ၍ အခြေခံအိမ်ထောင်စုများ၏ လက်ဝယ်အရောက် ပေးအပ် ထောက်ပံ့ သွားမည်ဖြစ်သည်။
ဟိန်းထက်(အမရ)