ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းရာသီသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

ကျောက်ပန်းတောင်း၊ နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းရာသီသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို၊ ယမန်နေ့ စတင်၍ အဆိုပါရုံးတွင် စတင်ထုတ်ချေးပေးနေကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၀-ပြည့်နှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ များကို၊ ကျေးရွာအုပ်စု(၁၆)အုပ်စုရှိ တောင်သူ(၁၇၀၀)ဦးတို့ကို၊ ဆောင်းရာသီ သီးနှံအတွက် စုစုပေါင်းချေးငွေသိန်း(၇၀၀၀) ထုတ်ချေးရန်လျာထားခဲ့ပြီး၊ ယနေ့တွင် မြောက်တောကျေးရွာရှိ တောင်သူ(၆၀)ဦးတို့၏ ကုလားပဲ(၁၄၇)ဧကနှင့်နေကြာ(၄၇) ဧကတို့အတွက် ချေးငွေ(၁၉၄)သိန်း ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးဝင်းဌေး ဦးက ပြောပါသည်။

နေအောင်(ပြန်/ဆက်)