ဝေါလေမြိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

ဝေါလေမြိုင် နိုဝင်ဘာ ၁၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီက ဝေါလေမြိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဝေါလေမြိုင်မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီနှင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများက အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စု (၁၂၅)စုအား အိမ်ထောင်စု တစ်စုလျှင် နှစ်သောင်းကျပ် နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စု တစ်စုလျှင် နှစ်သောင်း ကျပ်နှုန်းဖြင့်  ဝေါလေမြိုင်ဒေသအတွင်းရှိ အိမ်ထောင်စု (၁၁၂၉)စုအတွက် ထောက်ပံ့ငွေစုစုပေါင်း (၂၂,၅၈၀,၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)