တံတားဦးမြို့နယ်ပြန်/ဆက်ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ သုတရသစာအုပ်မျိုးစုံလှူဒါန်း

တံတားဦး နိုဝင်ဘာ  ၁၁

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ ယနေ့နံနက်(၁၁)နာရီက မင်္ဂလာဦး အထိမ်းအမှတ်အဖြစ် သုတရသစာအုပ်မျိုးစုံ (၃၀)အုပ် တန်ဖိုးငွေကျပ်(၄၅၀၀၀)ကိုလာရောက် လှူဒါန်းကြောင်း သိရသည် ။

လှူဒါန်းပွဲတွင် တံတားဦးမြို့ အမှတ်(၁)ရပ်ကွက် စိတ္တရမဟီရပ် မောင်နေဝင်းထွန်း နှင့် ဒေါက်တာဖြူဖြူဇင်တို့မှ မင်္ဂလာဦး အထိမ်းအမှတ်အဖြစ် လှူဒါန်းခြင်းဖြစ်ကြောင်း ၊ ပြည်သူ့စာကြည့် တိုက်သို့ လာရောက်ငှားရမ်းဖတ်ရှုကြသည့် စာဖတ်ပရိသတ်များ အသိပညာဗဟုသုတ တိုးပွားရေး အတွက် ပညာပါရမီဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း ၊ ယခုလို သုတရသစာအုပ်များ လှူရခြင်းကြောင့်  ဝမ်းသာမိပါကြောင်း ဒေါက်တာဖြူဖြူဇင် ကပြောကြားပြီး စာအုပ်စာစောင်များကို လှူဒါန်းရာ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးဘိုမောင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည် ။

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)