ကလေးခရိုင် မင်းကင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ် ဖြင့် ဆင်းသုခ မျိုးစေ့ထုတ် ကွက် ရိတ်သိမ်း

မင်းကင်း၊       နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီးကလေးခရိုင်၊မင်းကင်းမြို့နယ် ဘိုင်ကျေးရွာအုပ်စု၊ ရွာသာကျေးရွာ တောင်သူ ဦးလှိုင်မြင့်၏  ဆင်းသုခမျိုးစေ့ထုတ်အကွက်တွင်  ကိုဗစ်၁၉ စီးပွားရေး ကုစားမှု အစီအစဉ် CERPအစီအစဉ်ဖြင့်စိုက်ပျိုးထားသော  မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း စံကွက် ရိတ်သိမ်းခြင်း ယနေ့ နံနက်ပိုင်းတွင် ရိတ်သိမ်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန မှ လက်ထောက် ဉီးစီးမှူးဉီးညီညီစိုးက မျိုးစေ့ထုတ်စိုက်ခင်းတွင် တောင်သူများပူးပေါင်းပါဝင်လာစေရန်၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်း မျိုးစေ့ စိုက်ခင်းများ  ဖြစ်ထွန်းလာစေရန် တို့ကို ပြောကြားခဲ့သည်။ မင်းကင်းဒေသ သည် ဆင်းသုခ မျိုးစေ့မျိုးနှင့်ကိုက်ညီပြီး  တစ်ဧက ကို ပျမ်းမျှ ၉၈ တင်း ထွက်ရှိကြောင်း သိရှိရသည်။

မေသက်(ပြန်/ဆက်)