ရွှေတောင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများ(စတုတ္ထအကြိမ်) ထပ်မံပေးအပ်

ရွှေတောင် နိုဝင်ဘာ ၁၁

 

ပဲခူးတိုင်းတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့်တုံ့ပြန်ရေးလုပ်ငန်းများ  ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ(စတုတ္ထအကြမ်) ထပ်မံပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ပိုင်းက ရွှေတောင်မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ  ဆောင်ရွက်နေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား  နိုင်ငံတော်မှထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ငွေများကို  ဖြတ်တောက်ခြင်း မပြုဘဲ  ချက်ခြင်းပြန်လည်ဖြန့်ဝေပေးသွာရန် မှာကြားခဲ့သည်။

ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာ အုပ်စု(၄၈) ရွာ၊ စုစုပေါင်းရပ်ကွက်၊ ကျေးရွာအုပ်စု (၅၁) အုပ်စုမှ  အိမ်ထောင်စု (၁၇၄၇၃) ကို တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃၄၉၄၆၀၀၀၀) ကျပ်ကို  မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ရပ်ကွက်နှင့်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အိမ်ထောင်စု များသို့ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)