ခရမ်း နိုဝင်ဘာ ၁၁
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူလူထုအတွင်းပိုမိုသိရှိလိုက်နာစေရေး လှည့်လည်နှိုးဆော် ပေးခြင်း လုပ်ငန်းကို ယမန်နေ့က ခရမ်းမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက မြို့ပေါ်ရပ်ကွက်(၁၃) ရပ်ကွက်အတွင်းသို့လိုက် လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်အ တွင်းရှိအများပြည်သူတို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွား မှုမခံရစေရေး ရည်ရွယ်၍အသက်ရှူလမ်းကြောင်းဆိုင်ရာကိုဗစ်-၁၉ အန္တရာယ်အား ကူးစက်ခံရခြင်းမရှိစေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှထုတ်ပြန် ထားသည့် အမိန့် အမှတ် ၁၄၇/၂၀၂၀ အရကိုဗစ်-၁၉ကြို တင်ကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ စုဝေးခြင်းအပြုရန်ထုတ်ပြန်ခဲ့သောအမိန့်များတွင် ဖော်ပြထားသော ကိစ္စရပ်များမှအပ ၁၆•၈•၂၀၂၀ ရက်မှစ၍ လူ၁၅ ဦးအစားလူ ၃၀ ဦးဖြစ်စေ ၊လူ၃၀ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်းမ ပြုရန်ပြင်ဆင်ထုတ်ပြန်ခဲ့ပါသည်။
ယခုအချိန်သည်ကိုဗစ်-၁၉ ရောဂါပြန့်ပွားနိုင်သည့်အန္တရာယ်ကြီးမား နေသည်ဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနမှထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်နှင့် ပျက်ကွက်ပါက တည်ဆဲစည်းမျဉ်း၊စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အတွင်း လူစည်ကားရာနေရာများသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကော်မတီမှ လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ကိုမင်း (ခရမ်း )