ပန်းတောင်းမြို့နယ်တွင် ကိုဗစ် -၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

ပန်းတောင်း    နိုဝင်ဘာ   ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များကို ယနေ့နံက် ၁၀ နာရီအချိန်က ဥသျှစ်ပင်မြို့မစျေး၌ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ Mask များ ဖြန့်ဝေရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ၊ မြို့နယ်တပ်ဖွဲ့မှူး ဦမြင့်သိန်းဦး ဦးဆောင်သော တပ်ဖွဲ့ဝင်များက ဥသျှစ်ပင်မြို့မစျေးသည်များ၊ စျေးဝယ်သူများ၊ လမ်းသွားလမ်းလာ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။

သင်းသင်းအေး (ပြန်/ဆက်)