အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ လိုက်နာ ဆောင်ရွက်နိုင် ရန်အတွက် အသိပညာပေး နှိုးဆော်

ဒီးမော့ဆို       နိုဝင်ဘာ        ၁၁

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ဝန်ထမ်းများသည်  မြို့နယ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် ပွားမှု မဖြစ်ပွားစေရန်အတွက် အသိပညာပေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ ဆောင်ရွက်ရာတွင် နိုဝင်ဘာလ ၁၁ ရက်က ဒီးမော့ဆိုမြို့နယ် ဒေါကလော်ဒူကျေးရွာ အုပ်စုရှိ နန်းဟူးထွေ၊ ဒေါကလော်ဒူ၊ ဒေါစဲ၊ ဒေါတမြေး၊ ဒေါတငူးနှင့် တနီးလားလဲကျေးရွာများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများအားလုံး အလေးထားလိုက်နာကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက နှာခေါင်းစည်း တပ်ဆင်သွားလာကြရန်၊ လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောကြရန်နှင့် ကျန်းမာရေးဆိုင်ရာ သိရှိလိုက်နာရမည့်အချက်များကို အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)