ပြည်ကြီးမဏ္ဍိုင်မြို့၌ ပုံပြင်ပြောခြင်း အစီအစဉ်ရိုက်ကူးတင်ဆက်

ပြည်ကြီးမဏ္ဍိုင် နိုဝင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေး စာဖတ်ခန်းတွင် Online မှ တစ်ဆင့် ပုံပြင်ပြောခြင်း အစီအစဉ်ကို ယနေ့နေ့လယ် (၂) နာရီအချိန်က ရိုက်ကူးတင်ဆက်ခဲ့သည်။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စာကြည့်တိုက်ကို ခေတ္တပိတ် ထားချိန်တွင် စာပေချစ်သူ စာဖတ်ပရိသတ်များ စာပေနှင့် မကင်းကွာစေရန်ရည်ရွယ်၍ Online မှ ပုံပြင်ပြောခြင်း၊ ရောင်စုံစက္ကူနှင့် အရုပ်ခေါက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မယွန်းမီမီအောင်မှ "အကြံကောင်းသောကြက်မ”ပုံပြင်ကို ပြောပြခဲ့ကြောင်း သိရသည်။

အဆိုပါ Online မှ ပုံပြင်ပြောခြင်း အစီအစဉ် ရိုက်ကူးထားသည့် ဗွီဒီယိုကို ပြည်ကြီးမဏ္ဍိုင် မြို့ရုံး ပြည်သူ့စာကြည့်တိုက် စာမျက်နှာတွင် လွှင့်တင်ပေး လျက်ရှိကြောင်း သိရသည်။

မျိုးလွင်(ပြန်/ဆက်)