တာလေ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် မြို့ဖွံ့ဖြိုးရေးအတွက် မြို့အတွင်းရပ်ကွက်လမ်းများအား အများပြည်သူများသွားလာမှု အဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေးအတွက် လမ်းများအား ကွန်ကရစ်လမ်းခင်းခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် တာလေမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ၊ လမ်းသွယ်အမှတ်(၅)အား တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို၏ ဦးဆောင်စည်းရုံးမှုဖြင့် လမ်းအားအသုံးပြုနေသည့် တာလေမြို့သဲလုပ်ငန်းရှင်များ က စုပေါင်းကူညီ၍ လမ်းအရှည် ပေ(၁၀၀၀) ကျော်ရှိသည့်အနက် ၂၀၂၀ ပြည့်နှစ်အတွင်း လမ်းအရှည်ပေ (၃၀၀)၊ အကျယ် (၂၀) ပေ၊ ထုထည် (၈) လက်မရှိ ကွန်ကရစ်လမ်းအားကုန်ကျငွေ ကျပ်သိန်း(၁၀၀)ခန့်ဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို က ဦးဆောင်စီမံမှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်ထွန်းနှင့်တာဝန်ရှိသူများက အနီးကပ်ကြည့်ကြပ်၍ ရပ်ကွက်နေပြည်သူတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂ ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့တွင် လုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့ကြောင်းနှင့် ကျန်ရှိနေသည့် လမ်းအပိုင်းများကို နှစ်စဉ်လုပ်ငန်းလျာထားပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို ထံမှ သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)