မိုးနဲ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်အတွင်း မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်တိုက်များသို့ ဆွမ်းကွမ်း ထောက်ပံရေး နဝကမ္မအလှူငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက်ရှိ ဝိဇ္ဇာရိယ ဘုန်းတော်ကြီး ကျောင်းတိုက်တွင် ကျင်းပခဲ့ရာ မိုးနဲမြို့၊ လင်းခေးမြို့၊ မိုင်းပန်မြို့နှင့် မောက်မယ်မြို့နယ်များရှိ ဘုန်းတော်ကြီး ကျောင်းများမှ ဆရာတော်သံဃာတော်များနှင့် (SHINE HOPE) ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုးနဲမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဝိဇ္ဇာရိယဘုန်းတော်ကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာဃိန္ဒနှင့် ဆရာတော် သံဃာတော်များထံမှ ဩဝါဒခံယူတော်မူပြီး လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်းရှိ ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်းသို့ အလှူငွေ ကျပ် ၁၅ သိန်း၊ ဆုတောင်းပြည့်ကျောင်းသို့ အလှူငွေ ၁၈ သိန်း၊ ချမ်းသာကြီး ကျောင်းသို့အလှူငွေ ၁၅ သိန်း ခြောက်သောင်း၊ သာသနာ့ပါလ ကျောင်းသို့အလှူငွေ ၁၈ သိန်းလေးသောင်း၊ ရွှေကျောင်းတော် ကျောင်းသို့ အလှူငွေ ၅ သိန်းခြောက်သောင်း နှင့် စိန်တောင်ကျောင်းသို့အလှူငွေ ၈ သိန်း နှစ်သောင်းကိုလည်းကောင်း၊ လင်းခေးမြို့အတွင်းရှိ မဟာဝိဟာရကျောင်းသို့အလှူငွေ ၁၅ သိန်း ၊နားကုန်း ကျောင်းသို့အလှူငွေ ၁၃ သိန်း လေးသောင်းနှင့် မကျိုင်းမွန်းကျောင်းသို့အလှူငွေ ၁၂ သိန်းကိုလည်းကောင်း ၊ မောက်မယ်မြို့နယ်အတွင်းရှိ မွေတော်ပရိယတ္တိပါဒက ကျောင်းသို့ အလှူငွေ ၈ သိန်း ရှစ်သောင်း၊ ကုန်းမလန်း ကျောင်းသို့ အလှူငွေ ၈ သိန်း နှင့် အောင်မင်္ဂလာမွေတော်ကျာင်းသို့အလှူငွေ ၈ သိန်းခြောက်သောင်းကို လည်းကောင်း ၊ မိုင်းပန်မြို့နယ် အတွင်းရှိ မွေတော်ပရိယတ္တိကျောင်းသို့အလှူငွေ ၁၀ သိန်းခြောက်သောင် နှင့်ကုန်းပင်း ကျောင်းသို့အလှူငွေ ၄ သိန်းကို လည်းကောင်း (SHINE HOPE) ကမ္ပဏီမှ ဒေါက်တာခင်ခင်ရီနှင့် အဖွဲ့ဝင်များက ဆွမ်းကွမ်းထောက်ပံ့ရေး နဝကမ္မအလှူတော် ငွေ စုစုပေါင်း ငွေကျပ်သိန်း ၁၅၀ ကျော်ကို ပေးအပ်လှူဒါန်းရာ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများမှ ဆရာတော် သံဃာတော်များက လက်ခံခဲ့ကြောင်း မြို့နယ်သာသနာရေး ဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)