မဘိမ်း နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၂ နာရီခွဲအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို မှ အဖွင့် အမှာစကားပြောကြားပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်မှ မြို့နယ်အတွင်းရှိ လ္ဘက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆိုင်ထိုင်စနစ်ဖြင့် ပြန် လည်ဖွင့်လှစ်ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် Face Shield နှင့် Mask များ ပြည်သူများထံဖြန့်ဝေနိုင်ရေး ဆက်လက်ဆောင်ရွက်ရန်၊ မြို့ အဝင်စစ်ဆေးဂိတ်တွင် ကုန်တင်ယာဉ်များ စနစ်တကျစစ်ဆေးဆောင်ရွက်နိုင်ရေး ဆက်လက် ဆောင်ရွက်ရန်၊ ကော်မတီဝင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တွင် စည်းစည်းလုံးလုံးဖြင့် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားခြင်းဖြင့် ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များမှ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်မီစစ်ဆေးနိုင်ရေးအတွက် နေရာ များ စနစ်တကျပြန်လည်စိစစ်နိုင်ရေး၊ စစ်ဆေးဂိတ်များတွင် လုံခြုံရေးအစီအမံများ စနစ်တကျ ဆောင်ရွက်ရန်၊ ကာကွယ်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်း Volunteer များ ပူးပေါင်းပါဝင် လာစေရန် စသည့်လုပ်ငန်းများကို တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် မြို့နယ်အုပ်ချုပ် ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)