မိုင်းပန်မြို့တွင် Hospital Quarantine ဝင်ရောက်နေသူများနှင့် ကျန်းမာရေးစောင့်ရှောက် ပေးနေသူများအား နှာခေါင်းစည်း Mask နှင့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်း

မိုင်းပန်   နိုဝင်ဘာ  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့၊ အမှတ်(၁၁) တပ်မတော်ဆေးရုံ (ခုတင် ၂၅) ၌ Hospital Quarantine ဝင်ရောက်နေသူများအား KN 95 နှာခေါင်းစည်း Mask နှင့် စားသောက်ဖွယ်ရာများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဝန်ထမ်းများမှ ယနေ့ နံနက်(၁၀)နာရီ အချိန်က သွားရောက် ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာလ ၂၂ ရက်နေ့၊ ညနေ(၄)နာရီ ထုတ်ပြန်ချက်အရ မိုင်းပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု အမျိုးသမီးလူနာ(၁)ဦးတွေ့ရှိရပြီး အဆိုပါ အမျိုးသမီးနှင့် ထိတွေ့သူ Contact Person တို့အား အမှတ်(၁၁) တပ်မတော် ဆေးရုံ (ခုတင် ၂၅) Hospital Quarantine ထားရှိခဲ့ကြောင်း သိရသည်။ အဆိုပါ Hospital Quarantine ဝင်ရောက်နေသူများနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူများကို KN 95 နှာခေါင်းစည်း Mask (၅၀၀)ခု၊ ကြာဇံကြော်(၃၅)ဗူး၊ အချိုရည်(၄၀)ဗူးတို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အိရွှေစင်လတ် (မိုင်းပန် ပြန်/ဆက်)