စဉ့်ကူး ၊ နိုဝင်ဘာ ၂၅
စဉ့်ကူးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ထူးမြတ်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးနိုင်အေးတို့အဖွဲ့သည် ယနေ့နံနက် ၈ နာရီအချိန်က စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့သော ဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ စံသတ် မှတ်ချက်များနှင့် ကိုက်ညီပြီး မြို့နယ်တွင်း ဖွင့်လှစ်နိုင်မည့် ( A )အဆင့် စားသောက်ဆိုင်( ၅၅ )ဆိုင်နှင့် လက်ဖက်ရည်ဆိုင်( ၃၈ )ဆိုင် စုစုပေါင်း( ၉၃ )ဆိုင်ရှိကြောင်း သိရှိရသည်။
ကျော်မျိုးဝေ( မြို့နယ်ပြန်/ဆက် )