စစ်ကိုင်း နိုဝင်ဘာ၂၅
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ တဲကြီးမြို့မ နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံနှင့် တွဲဖက်စိုက်ပညာရှင် ဝန်ထမ်းများသည် ယမန်နေ့၊ နေ့ပိုင်းက စစ်ကိုင်းမြို့နယ် ဆင်တပ်ကျေးရွာရှိ တောင် သူ ဦးသိန်းလွင်နှင့် ဦးကြည်စိုးတို့၏ တိုင်ထောင်ပဲ ဆင်းဧကရီ (111) မျိုး စိုက်ကွင်းသို့ သွားရောက်ကွင်းဆင်း၍ သီးနှံအထွက်နှုန်းကောင်းစေရန် တောင်သူများအား နည်းပညာများ ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
"ကျွန်တော်တို့ ဌာနအနေနဲ့ မြို့နယ်အတွင်းမှာ စိုက်ပျိုးထားတဲ့ မိုးစပါးသီးနှံများ၊ ဆောင်းသီးနှံ စိုက်တောင်သူများနှင့်တွေ့ဆုံပြီး သီးနှံအထွက်နှုန်းကောင်စေရန် နည်းပညာများ ဖြန့်ဝေပေးလျှက်ရှိပါတယ် အခုလဲ ဒီတိုင်ထောင်ပဲသီးနှံအတွက် အသီးအပွင့် အားတိုးဆေး ယူရီးယား+ လက်ချား ပြလုပ်သုံးစွဲ နည်း၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း၊ မိုရောဂါ ကာကွယ်ရန်အတွက် Trichoderma သုံးစွဲပေးနိုင် ကြောင်းနှင့် ဓာတုပစ္စည်းများလျော့ချသုံးစွဲရန်အတွက် ဓာတုဓာတ်ကြွင်းအန္တရာယ်များအကြောင်းကို လည်း တောင်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ရှင်လင်းဆွေးနွေးပေးပါတယ်" ဟု မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်ဦးက ပြောပြ၍သိရသည်။
ဆက်လက်၍ တောင်သူဦးဆွေ၏ ခရမ်းချဉ် စိုက်ခင်းသို့သွားရောင်ကွင်းဆင်းကြည့်ရှူ့၍ ပိုးမွှာ ကျရောက်မှုအန္တရာယ်မှ ကင်းဝေး စေရန်နှင့် စိုက်ပိုးရေးအခက်အခဲများရှိခဲ့လျှင် သက်ဆိုင်ရာနည်းပညာ ပြန့်ပွားရေးစင်တာများနှင့်ချိတ်ဆက်၍ ဆွေးနွေးမေးမြန်း နိုင်ကြောင်း တောင်သူများအား ရှင်းလင်းပြော ကြားခဲ့ကြောင်းသိရသည်။
ဇော်မြင့်နိုင်