ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ ကြေးငွေ​ ပေးအပ်ရာတွင်စနစ်တကျ မှန်ကန်မှု ရှိစေရေးနှင့် မလိုလားအပ်ဘဲ လူစုလူဝေးများမဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံတောင် နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အခြေခံ လူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ကြေးငွေ ပေးအပ်ရာတွင်စနစ်တကျ မှန်ကန်မှု ရှိစေရေးနှင့် မလိုလားအပ်ဘဲ လူစုလူဝေးများ မဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ(၁၆း၀၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်းကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

 ရှေးဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှတ်()တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီနှင့် အမှတ်()တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်တိုက အမှာစကားပြောကြားကာ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးရဲအောင်မှ တက်ရောက်လာကြသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား လိုအပ်သည်များ ဆွေးနွေး​ပြောကြားခဲ့ပြီး အပြန်အလှန် ညှိနှိုင်းဆွေးနွေးကာ ရှေ့ဆက်၍ နိုင်ငံတော်မှ ထောင်ပံ့မှု များ ပေးအပ်သည့်အခါ စနစ်တကျ ပိုမိုရှိစေရေးနှင့် မလိုလားအပ်သည့် ကိစ္စများ မဖြစ်ပေါ်စေရန် အထူးဂရုပြု၍ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ အမှတ်()တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကဒီ​နေ့မှာ​တော့ လွှတ်​တော်ကိုယ်စားလှယ်များ၊မြို့နယ်ရပ်​ကျေးအုပ်ချုပ်​ရေးမှူးများ၊ဌာနဆိုင်ရာများစု​ပေါင်းပြီး​  ဆွေး​နွေးအ​ဖြေရှာကြပါတယ်။ ကျန်ရှိစာ​ရင်း​ကောက်ယူ​ရေးပုံစံဖြင့်  ကျန်ရှိအိမ်​ထောင်စုများကို​ကောက်ယူနိုင်​ရေး ​ဆွေးနွေးကြသလို ကျွန်​တော် အ​နေဖြင့် ယခင်စာရင်း​နှင့်နောက်တိုးစာရင်း များကို ရပ်ကွက်အုပ်ချုပ်​ရေးရုံးများမှာပွင့်လင်းမြင်သာကပ်​ပေးဖို့​ ကိုလည်းပြောကြားခဲ့ပြီး ဖြစ်သလို ဒီစာရင်းကို ရပ်ကွက်​နေပြည်သူများမှကြည့်ပြီး အမှန်တကယ်ရသင့်သူလား မရသင့်သူ လား ၊တစ်အိမ်ထဲမှ လေးဦးငါးဦးထုတ်ယူ​နေသလား(သို့မဟုတ်) ပြောင်းသွားသူများ အမည် ဖြင့် ထုတ်ယူ​နေသလား စသည်တို့ကိုအလွယ်တကူ ခွဲခြားသိမြင်နိုင်မှာဖြစ်ပါတယ် ထို့သို့ ဆောင်ရွက် ပေးနေမှု အခြေအနေ များအားကောင်းမွန်တဲ့   သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်​ရေးအဖွဲ့များနှင့်  ပြည်သူများမှ ပူး​ပေါင်းပါဝင်​ပေးကြပါလို့​ပြောကြားခဲ့ကြောင်း သိရသည်။

အိကေသရီ(ပြန်/ဆက်)