ပလောက်မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်

ပလောက်  နိုဝင်ဘာ  ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသံချဲ့စက်ဖြင့် အသိပညာ ပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည(၇) နာရီအချိန်ခန့်က ပလောက်မြို့ မီးသတ်ဦးစီးဌာနမှ မီးသတ်မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံနှိုးဆော်ခဲ့ကြသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ပလောက်မြို့ မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဦးသီဟအေးချို ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များက ယခုအချိန်အခါသည် ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပြီး ပလောက်မြို့အတွင်းရှိ နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများ၊ ရုံးအဆောက်အဦ ၊ မိဘပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ဉစ္စာများကို မီးဘေးအန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန် လိုက်လံ အသိပညာပေးနှိုး ဆော်ခဲ့ကြောင်းသိရသည်။
နှင်းမြူလွင်  (ပလောက်ပြန်/ဆက်)