ဒေါပုံ နို၀င်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် တွင်ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကာကွယ်ခြင်း ဆိုင်ရာ ကျန်းမာရေးအသိပညာပေးအဖြစ် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင် ရေး လူထုလှုပ်ရှားမှု (Mask Campaign) အဖြစ် Mask၊ Face Shield များ၊ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့ နေလယ်(၁၁)နာရီအချိန်က Capital Hypermarket တွင် ပြုလုပ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဈေးဝယ်ပြည်သူများနှင့် ဈေးရောင်းချနေသည့် ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း Mask နှင့် Face Shield များ မဖြစ်မနေ တပ်ဆင်ရေးအတွက် စည်းရုံးလှုံ့ဆော် ခြင်းများ ဆောင်ရွက်ခဲ့ပြီး Mask နှင Face Shield များ ဖြန့်ဝေပေးခြင်းနှင့် တပ်ဆင်စေခြင်းများကို ဆောင်ရွက်ခဲ့ ကာ နှာခေါင်းစည်း Mask (၁၀၀၀)၊ Face Shield အခု (၁၅၀) နှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်(၂၀၀)စောင်တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့သို ဆောင်ရွက်မှုတွင် ခရိုင်စည်ပင်ကျန်မာရေးဌာနမှူး ဒေါက်တာအောင်ကိုဦး၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး ဒေါက်တာ ခင်စန်းလွင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် စည်ပင်ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ပြန်/ဆက်တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
သဲစုစုလွင်(ပြန်/ဆက်)