ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်သူသာလျှင်အဓိက ပြည်သူမှပြည်သူသို့ အစီအစဉ်ဖြင့် ဆန်၊ဆီနှင့် အခြားသောအခြေခံစားသောက်ကုန်များ လှူဒါန်း

ဒဂုံတောင် နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ပြည်သူ သာလျှင် အဓိက ပြည်သူမှပြည်သူသို့ အစီအစဉ်ဖြင့် ဆန်၊ဆီနှင့်အခြားသော အခြေခံ စားသောက်ကုန်များကို ယနေ့နံနက်(၁၀း၀၀)နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံ လူတန်း စား အိမ်ထောင်စုများနှင့် သီလရှင်ဆရာလေးများအား လှူဒါန်းမှုများပြုလုပ်ခဲ့ ကြောင်း သိရ သည်။

အဆိုပါ လှူဒါန်းမှုများတွင် အမှတ်()တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၏ ဦးဆောင်မှု နှင့်အတူ အလှူရှင်များကိုယ်တိုင် လိုက်လံလှူဒါန်းနေခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ  အစားအသောက်ခက်ခဲမှု ဖြစ်ပေါ်နေသော အိမ်ထောင်စုများအနေဖြင့်လည်း ဆက်သွယ်လာ ပါက လိုက်လံလှူဒါန်းပေးမည်ဖြစ်ကြောင်းသိရှိရသည်။

ထို့သို့လှူဒါန်းမှုများကိုလည်း မြို့နယ်အတွင်းရှိ အလှူရှင်များနှင့်ဆက်သွယ်၍ လိုက်လံလှူဒါန်း မည် ဖြစ်ကြောင်းသတင်းရရှိသည်။

အိကေသရီ(ပြန်/ဆက်)