ပူတာအို၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပ
ပူတာအို ဇန်နဝါရီ ၄
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံတင်အခမ်းအနား၊ သ၀ဏ်လွှာဖတ်ပွဲ အခမ်းအနားနှင့် အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို သတ်မှတ်နေရာ အသီးသီးတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။