မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀) မြို့နယ် ဆောင်သို့ ယမန်နေ့ ညပိုင်းတွင် ကရင်ပြည်နယ်

ဝိုင်းမော်မြို့နယ်အတွင်း ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ကျင်းပနိုင်ရေးညှိနှိုင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်အဖြစ် Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သော အဖွဲ့ပေါင်းစုံဖြင့် ယနေ့နံနက် (၈) နာရီခွဲအချိန်က နှာခေါင်စည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်အဖြစ် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉အတည်ပြုလူနာ စုစုပေါင်း(၅၁)ဦး ဆေးရုံဆင်းခွင့်ရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် Plan C ဆေးရုံအဖြစ် အိုးအိမ်ဝန်ထမ်း အိမ်ယာမှ ကိုဗစ်အတည်ပြုလူနာ(၇)ဦး ယမန်နေ့ ညနေပိုင်းက နေအိမ်ပြန်ခွင့်ပြုခဲ့ကြောင်း၊ နေအိမ်၌HQ (၇)ရက် ဆက်လက် နေထိုင်ရအုံးမည်ဖြစ်‌ကြောင်း ကျန်းမာရေးဌာနက သိရသည်။

ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ် ဦးစီးမှူး ရုံးမှ ဝန်ထမ်းများက ယမန်နေ့၊ နံနက် (၁၀) နာရီက

မောတောင်မြို့၌ လူထုလှုပ်ရှားမှု Mask Campaign ပူးပေါင်းအဖွဲ့ဖြင့် ပညာပေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာမြှင့်တင်ရေးနှင့် နေအိမ်မှအပြင်သို့ထွက်တိုင်း နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလူထုလှုပ်ရှားမှု Mask Campaign ကို ယနေ့ နံနက် ၇ နာရီအချိန်ကစ၍ လူစည်ကားရာဈေးနှင့် ပြည်ထောင်စုလမ်းမကြီးရှိ နာရီစင်အရှေ့၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီက ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေးလူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီက ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးခြင်းနှင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု (Mask Campaign) ကို ယနေ့နံနက် ၉ နာရီက မြို့မဈေးကြီးနှင့် ယာယီ ပျံကျဈေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စုအတွင်း ခရီးသွားလာကြသော ပြည်သူများပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာခြင်း ရှိ၊မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ကမ်းနီကျေးရွာအုပ်စုကျန်းမာရေးဌာနခွဲမှ ဆေးမှူးဦးဟန်ဝင်းအောင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ် စိစစ်ရေးအဖွဲ့မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား စာရင်းထပ်မံပြုစု ဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေး

ပန်းဘဲတန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု စာရင်းထပ်မံပြုစု ဆောင်ရွက်ထားရှိမှုအား မြို့နယ်စိစစ်ရေးအဖွဲ့မှ ယမန်နေ့က စတင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရ သည်။

ရှားတောမြို့နယ်၊ စလောင်းကျေးရွာ ခန်းမဆောင်တွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ဓမ္မဓိဌာန်မေးခွန်းများဖြေဆို

ကယားပြည်နယ်၊ ရှားတောမြို့နယ် စလောင်းကျေးရွာခန်းမဆောင်တွင် လူမှုဝန်ထမ်း ဦးစီးဌာန က ကြီးမှူး၍ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များက စလောင်း ကျေးရွာ ရှိ ကလေးသူငယ်များအား ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း နှင့် ဓမ္မဓိဌာန် မေးခွန်းများ ဖြေဆိုခြင်းကိုယမန်နေ့ညနေ(၄:၃၀)နာရီအချိန်ကဆောင်ရွက်ခဲ့သည်။
Subscribe to