ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ပေးဝေ
အောင်မြေသာစံမြို့နယ် ပြည်ကြီးရန်လုံရပ်ကွက်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါရပ်ကွက်အတွင်းရှိ အကွက်အမှတ် (၆၈/က) နှင့် (၆၈/ခ) တို့၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။