နောင်တရား နိုဝင်ဘာ ၂၅
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အတွင်းသို့ ဝင်ထွက်သွားလာနေသည့် ဒေသခံ ပြည်သူများနှင့် မော်တော်ယာဉ်မောင်းများကို နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်အသုံးပြုစေခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ တားဆီးရေး လုပ်ငန်းကို အရှိန်အဟုန်မြှင့်၍ နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။
နှာခေါင်းစည်း တပ်ဆင်မှုမရှိသည့် ပြည်သူများ မြို့အတွင်းဝင်ရောက်လာပါက နှာခေါင်းစည်း ယခုဝယ် ယခုတပ် အသုံးပြုစေခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းကို ဆောင်ရွက်သည်။ နောင်တရား မြို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် လူမူရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အပြင် သွားလျှင် စနစ်တကျ နှာခေါင်းစည်း တပ်ဆင်အသုံးပြုစေရေး အသိပညာပေးလုပ်ငန်းကို နေ့စဉ် ဆောင်ရွက် လျက်ရှိပြီး၊ နောင်တရားမြို့အဝင်၌ နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကို လည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်အောင် (နောင်တရား)