သာစည်မြို့နယ်၌ တောင်သူများအား မျိုးကောင်းမျိုးသန့်မျိုးစေ့ ထောက်ပံ့ပေးပြီး ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်း ပို့ချ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား မျိုးကောင်းမျိုးသန့်မျိုးစေ့ ထောက်ပံ့ပေးပြီး ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းပို့ချခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ် စည်ပင်သာယာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

မိုးကောင်းမြို့၌ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူးကျင်းပသည့် “သစ်တောများနှင့်စီးပွားရေး” ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မတ်လ(၂၁)ရက် နံနက်(၁၀)နာရီတွင်ကျင်းပသည်။

ပေါင်းတည်၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မတ်လ ၂၀ ရက်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာဦးစီးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ် ခင်ရှည်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း (၁၁) ကြိမ်မြောက် ချေးငွေထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ချင်းခင်ကျေးရွာအုပ်စု၊ ခင်ရှည်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်စီမံကိန်းချေးငွေ (၁၁) ကြိမ်မြောက် ချေးငွေထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ညောင်ရွှေမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ညောင်ရွှေမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မတ်လ (၂၁) ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဘုရားစေတီဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံ၊ စုပေါင်သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုရားစေတီဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း ပဲပုပ်ခင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ နှင့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားသို့ တက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း မိုးစပါးအပြီး လယ်သီးထပ် နေကြာ၊ ပဲပုပ်များ စိုက်ပျိုးထားရှိပြီး လယ်သီးထပ် ပဲပုပ်ခင်းမြေသြဇာဖျန်းခြင်း၊ နေကြာသီးနှံ ပျားဖြင့် ဝတ်မှုန်ကူးခြင်း၊ ထယ်ရေးမဲ့ စပါးရိုးပြတ်ရိတ်ဖုံး စနစ်ဖြင့် စိုက်ပျိုးသည့် ပဲပုပ်ခင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲများနှင့် လယ်သီးထပ်အတွက် စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားများကို အဆိုပါ စံပြစိုက်ခင်းအတွင်း မတ် ၂၁ ရက် နံနက်ပိုင်းက ကျင်းပ ပြုလုပ်သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌  နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုအခြေခံသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ် (တောင်ပိုင်း)မြိုနယ် (၂၁)ရပ်ကွက်၊ မြရတနာလမ်းရှိ အမှတ်(၁၂) အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ကျောင်းသား၊‌ ကျောင်းသူများ စာရိတ္တမြင့်မားရေးနှင့် ဘာသာရေးအခြေခံ ကောင်းမွန်စေရန်ရည်ရွယ်၍ နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးမှု အခြေခံသင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နေ့လယ် ၁၂ နာရီတွင် ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာမှ ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားကွင်း၊ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ သင်တန်းဆင်းလူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြသည်။  
Subscribe to