မိုးကောင်းမြို့နယ်၌ စားသုံးဆီဖူလုံမှုရှိစေရေး ဆီစက်လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများအား ခရိုင်/မြို့နယ်တာဝန်ရှိသူများမှ တတိယအကြိမ် ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ဒေသအတွင်း စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဖွံ့ဖြိုးရေးချေးငွေဖြင့်ရယူထားသည့် ဆီစက်လုပ်ငန်းရှင်များအား လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ခရိုင်/မြို့နယ်တာဝန်ရှိသူများမှ ယနေ့ နံနက် (၁၀) နာရီက တတိယအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ကျေးရွာကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတားဖွင့်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အ‌ကောင်အထည်‌ဖော် ဆောင်ရွက်ခဲ့သော နားခံကျေးရွာကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတားသစ်ဖွင့်ပွဲကို အဆိုပါလမ်းနေရာ၌ ယနေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေ-ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေ-ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ‌ဒေါက်တာ စန်းရွှေ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

တမူးမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

၁၃၈၇ ခုမြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စာကျင်းပနိုင်ရေး သင်္ဃန်းကျွန်းခရိုင်ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ မတ်လ ၂၂ ရက်နေ့ ကညှိနှိုင်းအစည်းအဝေးပြုလုပ်

၁၃၈၇ ခုမြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စာကျင်းပနိုင်ရေး သင်္ဃန်းကျွန်းခရိုင်ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ မတ်လ ၂၂ ရက်နေ့ ကညှိနှိုင်းအစည်းအဝေးပြုလုပ် ဇော်မိုး (သင်္ဃန်းကျွန်း)

မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာပေအနုပညာအမြင်ဖွင့်သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် စာပေအနုပညာ အမြင်ဖွင့်သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကာ မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တက္ကသိုလ်၊ ကောလိပ်ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၂၈) သင်တန်းဆင်းပွဲ ကျင်းပ

တက္ကသိုလ်၊ ကောလိပ်ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၂၈) ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို မတ် ၂၀ နံနက် ၈ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား၊ စီမံဌာနများမှ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

KBZ Community 10 Mile Run 2026 အပြေးပြိုင်ပွဲ အပြေးသမားသုံးထောင်ကျော်ပါဝင်ဆင်နွှဲ

RUN derful  Myanmar အပြေးအားကစားအဖွဲ့နှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အားကစားသမားဟောင်းများ လူမှုရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် KBZ Community 10-mile Run 2026 ပြိုင်ပွဲကို ယမန်နေ့နံနက် (၄) နာရီက ရန်ကုန်မြို့၊ သဃ်န်းကျွန်းမြို့နယ်၊ ဝေယဇန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏတွင်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

တွံတေးမြို့နယ်၌ ၂၀၂၆ ခုနှစ် နွေရာသီ အားကစားသင်တန်းများ ဆက်လက်သင်ကြားလျက်ရှိနေ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက နွေရာသီကာလ ကလေးများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် အားကစားကို ပိုမိုစိတ်ဝင်စားလာစေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများကို တွံတေးမြို့မ ဘောလုံးကွင်းနှင် (ခ)အဆင့် အားကစားရုံတို့တွင် သက်ဆိုင်ရာ အားကစားရုံများ၌ နေ့စဉ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မူဆယ်မြို့တွင် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် နွေရာသီအခြေခံအားကစာသင်တန်းများဆင်းပွဲကို  မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to