တံတားမြို့ရှိ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ်  မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ပထမအကြိမ်အဖြစ် မဲစာရင်းကပ်ထားကြေငြာထားရှိခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများအလိုက် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ချောက်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊​ ချောက်မြို့နယ် မူလတန်းကြိုကျောင်း၏ ရင်သွေးငယ်လေးများကာယ၊ ဥာဏ၊ စာရိတ္တ ​ပေါင်းသင်းဆက်ဆံ​ရေးနှင့် စိတ်ခံစားမှုဆိုင်ရာအ​ခြေခံဖွံ့ဖြိုးမှုများ ဘက်စုံတိုးတက်​အောင်​လေ့ကျင့်၍ ရင်သွေးငယ်လေးများ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်​စေရန် ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက ယင်းကျောင်းရှိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်တက္ကသိုလ်၌ သုတေသနစကားဝိုင်းကျင်းပ

ပြည်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ‌စက်တင်ဘာ ၃၀ရက် ယမန်နေ့မွန်းလွဲ ၁နာရီခွဲက သုတေသနစကားဝိုင်းကျင်းပပြုလုပ်ရာ ပြည်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံအရာရှိများနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဘာသာရပ်ပေါင်းစုံမှ ဆရာ၊ ဆရာမများ စုစုပေါင်း ၃၂၀ ခန့်တက်ရောက်ကြသည်။

ကော့ကရိတ်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ ၁၃ အုပ်စုတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ(၁)၊ (၁-က)များကို စက်တင်ဘာ ၃၀ ရက်နေ့နံနက်ပိုင်းက စတင်ကာ ကပ်ထားကြေညာလျက်ရှိပြီး  ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

ဒဂုံမြို့နယ်ရှိ ရပ်ကွက်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်ရုံးများတွင် ပထမအကြိမ်အဖြစ် မဲစာရင်း ကပ်ထားကြေညာထားရှိခြင်းကို အောက်တိုဘာ ၁ ရက်နေ့နံနက် (၁၁:၄၅)နာရီအချိန်မှ စတင်၍ သက်ဆိုင်ရာရပ်ကွက်များ အလိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော် MSME အေဂျင်စီအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော် MSME အေဂျင်စီအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော် MSME အေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော် MSME အေဂျင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ MSME လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်သည်။

သာစည်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းနှင့်တံတားအချို့ပျက်စီး

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း စက်တင်ဘာ ၃၀ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် လမ်းနှင့်တံတားအချို့ပျက်စီးခဲ့ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။
Subscribe to