‎‎တာချီလိတ်မြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)ရှိ အောင်ဇေယျရဲခန်းမတွင် ကျင်းပခဲ့သည်။

ပခုက္ကူမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များမီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။ 

တံတားဦးခရိုင်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်တွင် ၂၀၂၅-ခုနှစ်အောက်တိုဘာ(၁)ရက်နေ့တွင်ကျရောက်သည့်(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် (၁၁)နာရီက တံတားဦးမြို့ မြို့မရဲစခန်းအတွင်းရှိ ဓမ္မာရုံအတွင်း၌ ကျင်းပကြောင်းသိရသည်။

ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့နံနံက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Commuinty Centre ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

စစ်ကိုင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကျင်းပ

စစ်ကိုင်းမြို့တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့  အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက   စစ်ကိုင်းမြို့၊  ရွာထောင်ဘိုးဘွားရိပ်သာ၌ ကျင်းပရာ စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်၊ ခရိုင်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ကြသည်။

ပွင့်ဖြူမြို့နယ်၌ မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံအထွက်နှုန်းကောင်းမွန်ရေး ဒေသခံတောင်သူများ ကြိုးပမ်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း ဆန်စပါးစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး မိုးစပါးသီးနှံ ၇၀၀၀၃ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရပြီး ယခုအခါ ဒေသခံတောင်သူများက မိုးစပါးစိုက်ခင်းများကို သီးနှံအထွက်နှုန်းကောင်းမွန်စေရန်အတွက် ပေါင်းနုတ်ခြင်း၊ မြေဩဇာကျွေးခြင်း၊ မျိုးကွဲပယ်ခြင်းနှင့် ပိုးမွှားရောဂါ မကျရောက်စေရန် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်နေကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်တန်းမြို့နယ်၌ အကြိုအခြေခံ မီးသတ်ပညာသင်တန်း အမှတ် စဥ်(၂/၂၀၂၅)ဖွင့်လှစ်

ရန်ကုန်တိုင်း​ဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ် (၂/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို တံတားမြို့၌  အောက်တိုဘာလ ၁ ရက်နေ့ နံနက်(၉)နာရီက  ကျင်းပခဲ့သည်။

ရေကြည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ရေကြည်မြို့နယ် အတွင်းရှိရပ်ကွက်/ကျေးရွာများတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများအား ယမန်နေ့နံနက်(၆)အချိန်မှစတင်၍  ရပ်ကွက်(၁၆) ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၀၃) အုပ်စု‌တွင်(၉၉)အုပ်စုသာ မဲစာရင်းပေးနိုင်သည့် အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားကြောင်း သိရသည်။

ပြည်မြို့၌ Digital Marketing Course သင်တန်းဖွင့်လှစ်

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် UNECMM နည်းပညာကုမ္ပဏီတို့ပူးပေါင်း၍  စက်တင်ဘာလ ၃၀ ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ Digital Marketing Course သင်တန်းဖွင့်လှစ်ခဲ့သည်။
Subscribe to