(၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပင်းတယမြို့နယ် မြင်းမူးကျေးရွာ (Smart village) ကျေးရွာတွင် ပြုလုပ်သည့် ရေရရှိရေးလုပ်ငန်းနှင့် သီရိရတနာဘက်စုံသုံးခန်းမ ဖွင့်ပွဲအခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြင်းမူးကျေအုပ်စုမြင်းမူး (Smart village) ကျေးရွာတွင် ရေရရှိရေးလုပ်ငန်းနှင့် သီရိရတနာဘက်စုံသုံးခန်းမ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်၌ လူငယ်များအတွက် နွေရာသီ အခြေခံဘောလုံးသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ လူငယ်မောင်မယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဘောလုံးအားကစားနည်းကို စနစ်တကျ တတ်မြောက်စေရန် ရည်ရွယ်သည့် နွေရာသီ အခြေခံဘောလုံး အားကစားသင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံစိုက်ပျိုးသည့်တောင်သူများအားဓာတ်မြေသြဇာစုပေါင်းရောင်းချခြင်းနှင့် ရွက်ဖျန်းအားဆေး၊ မျိုးစေ့များ အခမဲ့ထောက်ပံ့ပေးခြင်း၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံစိုက်ပျိုးသည့် တောင်သူများအား ဓာတ်မြေသြဇာစုပေါင်းရောင်းချခြင်းနှင့် ရွက်ဖျန်းအားဆေး၊ မျိုးစေ့များ အခမဲ့ထောက်ပံ့ပေးခြင်း၊  သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိစေရန်ရည်ရွယ်၍ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကန်ကွေ့ကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြန်မာ့ရိုးရာသိုင်းပညာသင်တန်းဆင်းပွဲ ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပညာတံခွန်လူငယ်ဖွံဖြိုးရေး ပရဟိတကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာ့ရိုးရာသိုင်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃၈)ရပ်ကွက်ရှိ ပညာတံခွန်လူငယ်ဖွံဖြိုးရေး ပရဟိတကျောင်း၌ ယမန်နေ့မွန်းလွဲ (၃) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

စေတုတ္တရာမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ကျောင်းသူများ ယဥ်‌ကျေးလိမ္မာမှုရှိစေရန်၊ ဗုဒ္ဓတရားတော်များကို အခြေခံမှစ သိရှိနားလည်စေရန် ရည်ရွယ်၍ ယဥ်ကျေးလိမ္မာသင်တန်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီတွင် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ကာလိမြို့၌ ကွန်ပန်-ကွန်ခုံး အလွတ်တန်း ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်မြို့နယ်၊ ကာလိမြို့၌ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကွန်ပန်-ကွန်ခုံးအလွတ်တန်း ဖိတ်ခေါ် ဖလားဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ (၂၁) ရက်နေ့ မွန်းလွဲ(၂)နာရီက ကာလိမြို့ အမှတ် (၄) ရပ်ကွက်  ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ကွန်ဟိန်းမြို့နယ် မြို့အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကာလိမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်ခဲ့ကြသည်။

လယ်ယာမြေနှင့် မြေလွတ်မြေရိုင်းပေါ်တွင် အခြားနည်းသုံးစွဲခွင့် ရှိ/မရှိစေရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းဦး၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးမင်းဇင်နိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ငပုတောမြို့နယ် ကွင်းဘက်ကျေးရွာအုပ်စုနှင့် သဲဖြူကျေးရွာအုပ်စုတွင် လယ်ယာမြေနှင့် မြေလွတ် မြေရိုင်းပေါ်တွင် အခြားနည်းသုံးစွဲခွင့် မရှိစေရေး ကွင်းဆင်းစစ်ဆေးသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ခြင်းခံရသော ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုဂုဏဝိသိဌပူဇော်ပွဲ အခမ်းအနားတက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ခြင်းခံရသော ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြု ဂုဏဝိသိဌပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာ စေတီတော်ပုရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊တိုင်းမှူးဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦး ညောင်ရွှေမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ တွေ့ဆုံပွဲ ပြုလုပ်

နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ တွေ့ဆုံပွဲအခမ်းအနားကို မတ် (၂၁) ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးမြင့်စိုး စစ်တွေမြို့ ရွှေကရုဏာစေတနာဆေးခန်း၌ မျက်စိဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသပေးနေမှုအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွှေကရုဏာစေတနာဆေးခန်း၌ မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးနေမှုကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးမြင့်စိုးနှင့်ဇနီးတို့က သွားရောက်ကြည့်ရှုအားပေးပြီး မျက်မှန်များ ပေးအပ်လှူဒါန်းခဲ့ကြသည်။
Subscribe to