မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ (၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁  ရက်‌ နံနက်၈နာရီက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲသူရိန်ခန်းမ၌ ကျင်းပသည်။

မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားအခွင့်အရေး မရှုံးဆုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန် မဲစာရင်းကြေညာထားရှိမှုအား ကြည့်ရှုပြီး တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်လွှာ တင်သွင်းခြင်းများကို ဆောင်ရွက်နိုင်

မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေး မရှုံးဆုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်အတွက် မိမိတို့မဲစာရင်းများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ၌ မဲစာရင်းများ ပထမအကြိမ် ကြေညာထားရှိပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်စာရင်းပါမပါ၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းမှု ရှိမရှိကို သွားရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။

မိုင်းတုံမြို့၌ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ ပူးပေါင်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ကော်မရှင်မှ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ ပူးပေါင်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်‌ကော်မရှင်ရုံးတွင် ကျင်းပခဲ့သည်။

ဗိုလ်တထောင်မြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်မှ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ ရပ်ကွက်များအတွင်း ပထမအကြိမ်အဖြစ် မဲစာရင်း ကပ်ထား ကြေညာထားရှိခြင်းကို ယနေ့နံနက်ပိုင်းက စတင် ၍ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ငါးသိုင်းချောင်းမြို့တွင် ပလတ်စတစ်အန္တရာယ်အကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

ငါးသိုင်းချောင်းမြို့တွင် ပလတ်စတစ်အန္တရာယ်အကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ ငါးသိုင်းချောင်း အောက်တိုဘာ ၁ မြို့(ပြန်/ဆက်)

မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား အလှူ‌ငွေများ၊ လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ခြင်း ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား အလှူငွေများ၊ လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ခြင်းကို အောက်တိုဘာ ၁ ရက်နေ့နံနက် (၇) နာရီက မြင်းခြံဘိုးဘွားရိပ်သာတွင် ပြုလုပ်ခဲ့သည်။

ငွေဆောင်မြို့၌ မဲဆန္ဒရှင်လူဦးရေစာရင်းများ ထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်၍ (ပထမ) အကြိမ်အဖြစ် တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ငွေဆောင်မြို့တွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူ( တိုင်းပြင်ပ) များထဲမှ အသက်၁၈နှစ်အထက် မဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ယာယီနေရပ်စွန့်ခွာ ( တိုင်းပြင်ပ)ပြည်သူ များထဲမှ အသက် (၁၈) နှစ်အထက် မဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်မှစတင်ကာ မြို့ပေါ်ရပ်ကွက် (၁,၂,၃,၄) နှင့်ဆင်မ၊ကျောက်ဖျာ၊သဇင်ကျေးရွာအုပ်စုများသို့ သွားရောက်ကာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to