ပွင့်ဖြူမြို့ပေါ်ရှိ စားသောက်ဆိုင်များအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် အညီ စနစ်တကျ ဖွင့်လှစ်ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်း အဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့ပေါ်ရှိ ဖွင့်လှစ်ရောင်းချနေသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် အညီ စနစ်တကျ ဖွင့်လှစ် ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ ချောင်းရေတိုက်စားမှုကြောင့် ပြောင်းရွေ့ခဲ့ရသည့် ကျွန်းချောင်းကြီးကျေးရွာ ပလ္လင်ကုန်းဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင်အတွက် ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ညောင်ပင်အိုင့်ကျေးရွာအုပ်စု ကျွန်းချောင်းကြီးကျေးရွာ၏ အထက်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေ တိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့ရသည့် ကျွန်းချောင်းကြီးကျေးရွာ ပလ္လင်ကုန်းဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဧည့်ခန်းမ၌ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောနှင့် မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတာဝန်ရှိသူတို့က ထောက်ပံ့ငွေ တစ်သိန်းကျပ်ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံတို့ထံ ပေးအပ်ခဲ့သည်။

မြောင်မြို့နယ်တွင် အခြေခံသမဝါယမ အသင်းသူ / အသင်းသားများအား ထောက်ပံ့ပစ္စည်းများပေးအပ်

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်သမဝါယမ ဦးစီးဌာနကြီးကြပ်မှုဖြင့် သောင်ကြီကျေးရွာ အခြေခံသမ ဝါယမ အသင်းသူ/ အသင်းသားများအား ထောက်ပံ့ ပစ္စည်း ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျေးရွာ ဓမ္မာရုံတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။

သန်လျင်အထက(၁)မှ တက္ကသိုလ်ဝင်တန်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုတွေ့ဆုံ

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၀ ပြည့် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ဘာသာစုံဂုဏ်ထူးရှင် တစ်ဦးနှင့် ငါးဘာသာဂုဏ်ထူးရှင်နှစ်ဦးတို့အား မိဘ ဆရာကျောင်းအကျိုးဆောင်အဖွဲ့က ဂုဏ်ပြုတွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီတွင် ယင်းကျောင်း ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မုဒုံမြို့နယ်၌ အစားအသောက်နှင့်ဆေးဝါးများ သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး

မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊မုဒုံမြို့နယ်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန(FDA)မှဦးဆောင်၍ ယနေ့ နံနက်၁၀နာရီက မုဒုံမြို့ပေါ်ရှိ သက်တမ်းလွန်ဆေးဝါးများနှင့် စားသောက်ကုန်များရောင်းချနေမှုရှိ/မရှိကိုရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့သည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ပင်လယ်ငါးဖမ်းရေလုပ်သားများအား လုပ်ငန်းခွင်ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး သင်တန်းအမှတ်စဉ် (၆/၂၀၂၀၂) ဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပင်လယ်ငါးဖမ်း ရေလုပ်သားများ လုပ်ငန်းခွင်ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းအမှတ်စဉ် (၆/၂၀၂၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ရေးမြို့နယ် အစင်စံပြကျေး ရွာ၊ အပြုံးအစင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့၌ နမ့်တိန်ချောင်းရေတက်၍စိုက်ပျိုးသီးနှံများရေနစ်မြုပ်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ၁၇-၈-၂၀၂၀ရက်နေ့မှ စတင်၍ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် (၁၉-၈-၂၀၂၀)ရက်နေ့တွင် နမ့်တိန်ချောင်းနှင့်ထိစပ်လျက်ရှိသည့် မန်မိုင် ရပ်ကွက်၊ မန်ကောင်းရပ်ကွက်၊ နမ့်လျှံရပ်ကွက်၊ မော်ဟွေ့ကျေးရွာ၊ ဟင်းနားကျေးရွာ၊ နောင်ဟေ့ ကျေးရွာများရှိ စိုက်ပျိုးသီးနှံ့များ ရေနစ်မြုပ်လျက်ရှိကြောင်းသိရှိရသည်။

တမူးခရိုင်၊ခါမ်းပါတ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကလေး-တမူးလမ်းပေါ်ရှိ နန်းကတိတ်ကျေးရွာ တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်ပြပွဲပြုလုပ်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေး ဦးစီးဌာနရုံးတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်စာအုပ်ပြပွဲကို ယနေ့ နံနက် (၁၀)နာရီကပြည်သူ့စာကြည့်တိုက်တွင်ပြသဆောင်ရွက်ခဲ့သည်။
Subscribe to