ပေါင်းတည် မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မတ်လ ၂၀ ရက်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာဦးစီးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က မဟာသင်္ကြန်ပွဲ စည်ကားသိုက်မြှိုက်စွာကျင်းပပြုလုပ်နိုင်ရေး၊ မြို့ကျက်သရေဆောင် မင်းလက်ယာ၊ မင်းလက်ဝဲစေတီတော် ထီးတော်တင်လှူပွဲအခမ်းအနား ကျင်းပပြုလုပ်ရေး၊ စတုဒီသာအလှူအတန်းများ ပြုလုပ်၍ ကျွေးမွေးဧည့်ခံခြင်းများဆောင်ရွက်ရေး၊ လုံခြုံရေးသတိ အမြဲရှိရေး၊ နွေစပါးလျာထားချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းကြိုးပမ်းဆောင်ရွက်နိုင်ရေးကို အဖွင့်အမှာစကား၌ တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးမှာကြားကြပြီး တက်ရောက်လာသူများက မိမိတို့ဆောင်ရွက်နေမှုများနှင့် ပြီးစီးမှုအခြေအနေများကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရွှေသား (IPRD)