မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်း၊ အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ ကိုယ်ပိုင်ကျောင်းများအသင်း၊ Mandalay Region Private Schools Association(MRPSA) ၏ သင်းလုံးကျွတ်မျက်နှာစုံညီ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက Y Mandalay Hotel တွင် ကျင်းပသည်။

စလင်းမြို့နယ်တွင် ကျန်းမာရေးချို့တဲ့သူ ဝေဒနာရှင်များအား စေတနာဆရာဝန်များ စုပေါင်းအခမဲ့ ဆေးကုသပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးချို့တဲ့သူ ပြည်သူများအတွက် ကုသိုလ်ဒါနအဖြစ် စေတနာဆရာဝန်များနှင့် ဆေးဝါကျွမ်းကျင်သူများ စုပေါင်း၍ ဆေးကုသပေးခြင်းကို  မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းမှ မွန်းလွဲ ၂ နာရီအထိ မတ်လ ဒုတိယပါတ်အဖြစ် ပုထိုးဖြူရပ်ကွက်ငွေ တောင်ဦးကျောင်းဝန်းတွင်း၌ ကုသပေးကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် (ည)ရပ်ကွက်၌ လျှပ်စစ်ပန်ကာဖွင့်ထားခဲ့ရာမှ ရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် ၁၄၀ B လမ်း၊ ၆၅ × ၆၆ လမ်းကြား၊ (ည)ရပ်ကွက်၌ ယမန်နေ့ညနေ ၄ နာရီ ၃၉ မိနစ်က ဒေါ်ဇင်မာဦးပိုင်ဆိုင်သည့် ၂၀’×၄၀’ သွပ်မိုး၊ ကျောက်ပြားကာ (၁)ထပ် လူနေအဆောက်အဦတွင် လျှပ်စစ်ပန်ကာ ဖွင့်ထားခဲ့ရာမှ ရှော့ဖြစ်၍ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ ၂၀’×၄၀’ သွပ်မိုး၊ ကျောက်ပြားကာ (၁) ထပ် အဆောက်အဦနှင့် အတွင်းပစ္စည်းများ ဆုံးရှုံးခဲ့သည်။

ရွှေသောင်ယံမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာအုပ်စု၊ ဂျိတ်လက်စံပြကျေးရွာတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီမှ ညနေပိုင်းအချိန်ထိ ဂျိတ်လက်စံပြကျေးရွာသို့ ယာယီနေရပ်စွန့်ခွာ၍ လာရောက်နေထိုင်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများကို ရွှေသောင်ယံမြို့ရှိ တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့်ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို မတ်လ (၂၁) ရက်နေ့က ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အမှတ် (၆) စစ်မြေပြင်ဆေးတပ်ရင်းနယ်လှည့်ဆေးကုသရေးအဖွဲ့မှ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ကျောင်းကုန်းကျေးရွာ၊ ရတနာသိင်္ဂီဘုန်းတော်ကြီးကျောင်း အခြေပြု၍ ကွင်းဆင်းကုသဆောင်ရွက်ပေးခဲ့ကြသည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီနှင့် ကွန်ပျူတာ ပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင်  ကျောင်းသား/ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ နွေရာသီအထူးသင်တန်းများကို တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မတ် ၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပန်းချီနှင့် ကွန်ပျူတာပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပသည်။
Subscribe to